အမေရိကရဲ့ ခြေချုပ်

အမေရိကရဲ့ ခြေချုပ် by ဟန်ထွန်း

ခြေချုပ်ဆိုတာ မြန်မာပြည်သားတွေနားယဉ်နေတဲ့ စကားလုံးတစ်ခု ဖြစ်ပေမယ့် အတိအကျ

သိတဲ့လူထက် မသိတဲ့ လူက ပိုများမယ် ထင်ပါတယ်။ များသောအားဖြင့် မိဘတွေက အပြင်ကို

သူငယ်ချင်းတွေနဲ့ ပေးမထွက်တာ ဒါမှမဟုတ် မိန်းမမအားလို့ အိမ်မှာခလေးထိန်းနေရပြီး အပြင်မထွက်နိုင်တဲ့ အချိန်မျိုးမှာ ခြေချုပ်မိနေတယ်လို့ ဘန်းစကားသဘောမျိုး တင်စား

ပြောဆိုလေ့ရှိတတ်ပါတယ်။

ခြေချုပ်ဆိုတာ တကယ်တမ်းတော့ အပြင်မှာမူးယစ်ရမ်းကားမှုလို၊မူးယစ်ဆေးသုံးစွဲမှုလိုမျိုး

အသေးစားပြစ်မှုတွေကြောင့် အချုပ်ကျတဲ့လူတွေကို လျှော့ရက်နဲ့ လွတ်လာတဲ့အချိန်မှာ

ရပ်ကွက်ထဲ ဆက်မသောင်းကျန်း ရဲအောင် ဒါမှမဟုတ် မျက်ခြေမပြတ် စောင့်ကြည့်လို့ရအောင်

နယ်မကျော်ရ ကန့်သတ်ထာပြီး တာဝန်ရှိသူဆီကို အချိန်အတိအကျ လက်မှတ်လာထိုး ခိုင်းကာ ကောင်းကောင်းမွန်မွန် နေတဲ့ ကြောင်း သက်သေပြခိုင်း တာမျိုးပဲ ဖြစ်ပါတယ်။

အမေရိကမှာတော့ ခြေချုပ်ကို အင်္ဂလိပ်လို parole လို့ ခေါ်ပါတယ်။ မြန်မာပြည်က ခြေချုပ်နဲ့ သဘောတရားချင်း အတူတူပါပဲ။ ဒါပေမယ့် တိုးတက်တဲ့နိုင်ငံဖြစ်လို့ ပိုတင်းကြပ်ပြီး ပိုစနစ်ကျလှပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြစ်တာကြောင့်ပြည်နယ်တစ်ခုနဲ့ တစ်ခုနဲ့ကြားမှာတခြားဥပဒေ

တွေလို ပဲ ခြေချုပ်နဲ့ပတ်သက်ပြီး မဆိုစလောက် ကွဲပြားတာလေးတွေ ရှိပေမယ့် အခြေခံအချက်

တွေကတော့အတူတူပါပဲ။အကျဉ်းထောင်မှာ ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ရင် ထောင်ထဲမှာ

နေရမယ့် ရက်တွေကို လျှော့ပြီး အပြင်မှာ ခြေချုပ်နဲ့ ပြစ်ဒဏ်ကို ဆက်လက်ကျခံစေလေ့ ရှိပါတယ်။ ဒါပေမယ့် အဲလိုမျိုးက ရာဇ၀တ်မှုတိုင်း အတွက် မဟုတ်ပါဘူး။

မြန်မာပြည်သားတစ်ချို့ အမေရိကမှာ ပြဿနာတက်လေ့ရှိတဲ့ အိမ်တွင်း အကြမ်းဖက်မှုလိုမျိုး အမှုမျိုးကြောင့် ထောင်ကျတဲ့လူတွေဟာ ထောင်က ထွက်လာတဲ့အချိန်မှာ ခြေချုပ်နဲ့ ပြစ်ဒဏ်စေ့တဲ့အထိ ဆက်နေရတတ်ပါတယ်။တနည်းအားဖြင့်အဲဒီ ရာဇ၀တ်သားကို အပြင်မှာ သူနဲ့ရန်ငြိုးရှိနိုင်တဲ့လူတွေကိုထပ်ရန်မပြုနိုင်အောင်ထိန်းချုပ်ထားတာမျိုးပါပဲ။ဒီလိုမျိုး ထောင်

ကနေထွက်ခွင့်ရပြီးနေအိမ်မှာပြန်နေခွင့်ရဖို့ထောင်ကနေသတ်မှတ်ထားတဲ့စည်းကမ်း သတ်

မှတ် ထားတဲ့ အမှတ် တွေပြည့်မှီဖို့လိုပါတယ်။

အဲဒီလို အမှတ်ပြည့်ပေမယ့် ထောင်ကနေ ခြေချုပ်နဲ့ လူတိုင်းထွက်ခွင့်မရပါဘူး။ ခြေချုပ်ကို ကိုင်ထားတဲ့ အကျဉ်းဌာန တာဝန်ရှိသူ ဒါမှမဟုတ် ခြေချုပ်ဘုတ်အဖွဲ့ကသာ အကျဉ်းသားကို ခြေချုပ်နဲ့လွှတ်ခွင့်ရှိပါတယ်။အဲဒီလိုထွက်ခွင့်ရမယ့်လူဟာအပြင်ကို မထွက်ခင် ဘုတ်အဖွဲ့ဆီမှာ စစ်ဆေးခံရပါတယ်။စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေကိုခံယူရပါတယ်။အကျဉ်းသားဟာခြေချုပ်ဘုတ်အဖွဲ့က သတ်မှတ်ပေးတဲ့ ခြေချုပ်အစီအစဉ်တွေကို လုံးဝသဘော တူညီရတဲ့အပြင် ခြေချုပ်ဘုတ်အဖွဲ့နဲ့ကတိက၀တ်စာချုပ်မှာ လက်မှတ်ရေးထိုးရပါတယ်။ အဲဒီထဲမှာ ဘုတ်အဖွဲ့က သတ်မှတ်ထားတဲ့စည်းကမ်းတွေ၊သွားလာခွင့်ရှိတဲ့နယ်နိမိတ်အကျယ်အ၀န်း၊လုံးဝရှောင်ကြဉ်ရမယ့် အပြုအမူ၊ အနေအထိုင်တွေ စတဲ့ အချက်အလက်တွေ အများကြီး ပါရှိပါတယ်။ ဥပမာ အရက်မသောက်ရ၊ အင်တာနက်မသုံးရ၊ အိမ်ကနေ ကီလိုမီတာဘယ်လောက်အတွင်းမှာပဲ အမြဲရှိနေရမယ် စတဲ့အချက်မျိုးတွေ ဖြစ်ပါတယ်။ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ခြေချုပ်ကျခံသူဟာ နီးစပ်ရာ တာဝန်ရှိသူထံမှာ လက်မှတ်သွားထိုးရတာမျိုးလည်း ရှိပါတယ်။ ရာဇ၀တ်မှုကိုကျူးလွန်ဖူးတဲ့လူတစ်ယောက်ဟာအချိန်မရွေးရာဇ၀တ်မှုတစ်ခုခုကိုထပ်ကျူးလွန်နိုင်တဲ့ အလားအလာတွေ ရှိနေတယ်ဆိုတာ အာဏာပိုင်တွေဖက်က နားလည်ထားပါတယ်။ အဲဒါကြောင့် နည်းပညာတွေ မြင့်မားလာနေတဲ့ ဒီဖက်ခေတ်မှာတော့ ခြေချုပ်သမားကို လူအား၊ နည်းပညာအားနဲ့ တိတိကျကျ ထိန်းချုပ်ထားတာကို တွေ့ရပါတယ်။ ခြေချုပ်လို့ ဆိုတဲ့အတိုင်း ခြေချုပ်ကျခံရသူရဲ့ ခြေကျဉ်းဝတ်မှာ GPS ခြေပတ်လေးတစ်ခုကို ပတ်ပေးထားပြီး ၂၄နာရီ စောင့်ကြည့်လို့ရတဲ့ စနစ်ကို အမေရိကမှာ အသုံးပြုနေပြီ ဖြစ်ပါတယ်။ အဲဒီကိရိယာကို ankle monitor(သို့) ankle bracelet လို့ ခေါ်ပါတယ်။ အဲဒီလို နည်းပညာနဲ့ စောင့်ကြည့်ခံနေရတဲ့အ

ပြင်ခြေချုပ်သမားကူစောင့်ကြည့်ဖို့ တာဝန်ကျတဲ့ ရဲတစ်ယောက်ယောက်ကလည်း ခြေချုပ်

သမားဆီ နေ့တိုင်း ရှောင်တခင် ၀င်စစ်ဆေးတတ်ပါတယ်။

အရင်ကတော့ ဒီကိရိယာဟာ ခြေချုပ်သမား ဘယ်နေရာမှာ ရှိတယ်ဆိုတာလောက်ပဲ သိနိုင်လို့ သတ်မှတ်ထားတဲ့ နယ်နိမိတ်ကျော်ဖြတ်မိမှသာ အချက်ပေးတတ်ပါတယ်။ အဲဒါကြောင့် ခြေချုပ်သမားကို စောင့်ကြည့်ဖို့ လူအားကို ပိုသုံးခဲ့ရပါတယ်။ ခုခေတ်မှာတော့ အဆင့်မြင့် နည်းပညာတွေကြောင့် လူအား သိပ်သုံးစရာ မလိုတော့ပါဘူး။ ခုခေတ် ကိရိယာတွေဟာ ရေစိုခံနိုင်တဲ့အပြင်ခြေချုပ်သမားရဲ့သွေးခုန်နှုန်းကနေတဆင့်ဘက်ထရီဖြည့်ပေးပြီးအဲဒီသွေး ခုန်နှုန်းကိုအမြဲတမ်းတိုင်းတာနေတဲ့အတွက်အိပ်နေသလား၊နိုးနေသလား၊လှုပ်ရှားနေသလားဆိုတာကိုတောင်သိနိုင်ပြီဖြစ်ပါတယ်။ဒါ့အပြင်သွေးထဲကအရက်ဓာတ်ပျော်ဝင်မှုကိုတိုင်းတာနိုင်ပြီး  သံသယဖြစ်စရာ တစ်ခုခု ဥပမာ အဲဒီကိရိယာကို ဖြုတ်ဖို့ ကြိုးစားတာမျိုး၊ အကြမ်းဖက်ဖို့ ကြိုးစားတာမျိုးတွေ လုပ်လာရင် အလိုအလျောက် တာဝန်ရှိသူတွေကို အကြောင်းကြားပေးတဲ့ စနစ်ပါတပ်ဆင်ထားပါတယ်။

ခြေချုပ်သမားတချို့ကို ဘုတ်အဖွဲ့ရဲ့ သတ်မှတ်ချက်အရ အလုပ်လုပ်ခွင့် ပေးထားပါတယ်။ ဒါပေမယ့် အလုပ်သွား၊ အလုပ်ပြန် ဈေးဝယ်တာမျိုးတွေအတွက် သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းသာ သွားခွင့် ရှိပါတယ်။ ဖြတ်လမ်းကနေ ဖြစ်ဖြစ်၊ ကွေ့ပြီးပဲသွားသွား ကိရိယာကစခန်းကို အချက်လှမ်းပေးပါလိမ့်မယ်။ ကိရိယာနဲ့ အချိန်ပြည့်စောင့်ကြည့်နေပေမယ့် ဒီအတိုင်းလွှတ်ထားတာမဟုတ်ပါဘူး။ရဲတစ်ယောက်ယောက်ကတစ်နေ့မှာအနည်းဆုံးတစ်

ကြိမ်လောက်တော့အိမ်ကိုလာကြည့်လေ့ရှိပါတယ်။ဘုတ်အဖွဲ့ရဲ့စည်းကမ်းသတ်မှတ်ချက်ထဲ မှာပါမယ်ဆိုရင်ခြေချုပ်သမားဟာကိုယ်တိုင်အရက်သောက်ခွင့်မရှိတဲ့အပြင်အရက်သောက်သူတွေနားမှာလည်း နေခွင့်မရှိပါဘူး။ အကယ်၍ အရက်ဝိုင်းနားမှာ ထိုင်နေတုန်း ရဲရောက်လာလို့ တွေ့သွားရင်လည်း စည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ထဲပြန်ဝင်ရမှာပါ။ ခြေချုပ်သမားမှာ ပတ်ဝန်းကျင်နဲ့ ထိတွေ့ခွင့်ရနေတဲ့ အကျဉ်းသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ ထိတွေ့ခွင့်ကိုလည်း အကန့်အသတ်နဲ့ လှုပ်မရအောင် ချုပ်ထားတာပါ။ လွတ်လွတ်လပ်လပ် နေတတ်တဲ့ အမေရိကန်တွေရဲ့ စရိုက်ကြောင့် ဒီစနစ်က တော်တော်ထိရောက်တဲ့ စနစ်လို့ ပြောလို့ရပါတယ်။ပတ်ဝန်းကျင်မှာအံဝင်ခွင်ကျနေနိုင်ဖို့အခွင့်အရေးပေးပြီးတခါတည်းနောင်

ကျဉ်သွားအောင်ထိန်းချုပ်တဲ့ စနစ်ဖြစ်ပါတယ်။

အထက်ပါ အကြောင်းအရာတွေ နဲ့ ဆက်စပ်ပြီး မြန်မာပြည်သားတွေကို သတိပေးချင်တာက

တော့ အမေရိကန်နိုင်ငံသား မဖြစ်မချင်း ပြစ်မှုကြီးကြီးမားမားနဲ့ ထောင်ကျပြီးလို့ ခြေချုပ်

နဲ့အိမ်မှာ ပြန်နေခွင့်ရရင်တောင် ပြစ်ဒဏ်စေ့တဲ့နေ့ကျရင် လူဝင်မှုကြီးကြပ်ရေး ဌာနကနေ လိုက်လာပြီး အချုပ်ထဲပြန်ထည့် ပြည်နှင်ဒဏ် ပေးခံရတတ်ပါတယ်။ ပြည့်ပြည့်စုံစုံ တိတိကျကျ မဟုတ်ပေမယ့် ဒီစာစုလေးဟာ မသိသေးတဲ့လူတွေအတွက် ဗဟုသုတ တစ်စုံတစ်ရာ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Leave a Reply